Bridge Relays


bridge relays တွေဆိုတာ ဘာလဲ?

အချို့သော Internet Service Providers (ISPs) တွေဟာ Tor relays များကို ဆက်သွယ်မှုအား ပိတ်ဆို့ခြင်းအားဖြင့် Tor ကွန်ယက်ကို အသုံးပြုသူတွေ ချိတ်ဆက်မှုမှ ကာကွယ်ရန် ကြိုးစားကြပါတယ်။ Bridge relays (သို့မဟုတ် အတိုကောက်bridges )တွေဟာ relays များ ဖြစ်ကြပြီး Tor ကွန်ယက်ကို ချိတ်ဆက်ဖို့ ဆင်ဆာ အဖြတ်ခံရတဲ့ အသုံးပြုသူတွေကို ကူညီပေးပါတယ်။ Tor relays တွေနဲ့ မတူတာက ပုံမှန် relays များလို bridges တွေဟာ အများသူငါဆိုင်ရာ လမ်းညွှန်စာရင်းတွင် မပါဝင်ပေ။ ပြီးပြည့်စုံသော အများသူငါဆိုင်ရာ စာရင်းဟူ၍ မရှိပေ။ အကယ်၍ သင်၏ ISP က ၎င်းတို့သိသော Tor relays များအားလုံးကို စီစစ်လိုက်တယ် ဆိုရင်တောင် bridges အားလုံးကို ပိတ်ဆို့ဖို့တော့ မဖြစ်နိုင်ပေ။

bridge relay ကိုဘယ်လိုရှာဖွေရမလဲ?

bridge လိပ်စာနှင့်ပတ်သက်ပြီး လေ့လာရန် အဓိက နည်းလမ်း နှစ်သွယ်ရှိပါတယ်။ :

  1. သင့်အတွက် သီးသန့် bridges များကို run ရန် သူငယ်ချင်းအချို့ရှာပါ။
  2. အများသူငါဆိုင်ရာ bridges အချို့ကို သုံးပါ။

သီးသန့် bridges များကို သုံးရန် အင်တာနက် ဆင်ဆာမဖြတ်ထားသော နယ်နမိတ်ထဲမှာ Vidalia နှင့် Tor ကို သူငယ်ချင်းများကို run ခိုင်းပါ။ပြီးလျှင် Vidalia ၏ Relay settings page မှာ ဆင်ဆာဖြတ်တောက်ခံထားရသော အသုံးပြုသူများကို ကူညီပါ ဆိုတာကို နှိပ်ပါ။ ထို့နောက် Relay page ၏ အောက်ခြေရှိ Bridge address လိုင်းကို သင့်ထံသို့ သီးသန့်ပေးပို့ ခိုင်းရပါမယ်။ ရှိပြီးသား relay နှင့် run ပုံချင်း မတူသည်မှာ bridge relay သည် Tor ကွန်ယက်၏ အသွားအပြန်လမ်းကြောင်းတွင် အချက်အလက်များ ဖြတ်သန်းရုံမျှသာ run ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် စောဒကတက်မှု တစ်စုံတစ်ရာကို operator မြင်အောင် မပြသင့်ပေ။

အများသူငါဆိုင်ရာ bridge လိပ်စာများကို https://bridges.torproject.org ကိုသွားရောက်၍ ရှာဖွေနိုင်သည်။ ၎င်းစာမျက်နှာမှ သင်ရရှိသော အဖြေများသည် နေ့စဉ်နဲ့အမျှ ပြောင်းလဲ နေလိမ့်မည်။ အကယ်၍ bridge လိပ်စာ များကို သင်ပိုမို လိုအပ်တယ်ဆိုရင် အခါအားလျော်စွာ ပြန်လည်စစ်ဆေးပါ။ အများသူငါဆိုင်ရာ bridge လိပ်စာများကို ရှာဖွေရန် အခြားသော နည်းလမ်းမှာ မေးလ်၏ စာကိုယ်တွင် get bridges ဟုထည့်သွင်းပြီး bridges@torproject.org သို့ပေးပို့နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုက်ခိုက်သူတွေ bridge လိပ်စာများကို လေ့လာဖို့ ခက်ခဲအောင် ကျွန်တော်တို့က ပြုလုပ်နိုင်ပါတယ်။ Gmail အကောင့်မှ တောင်းဆိုမှုများကိုတော့ မဖြစ်မနေ ပေးပို့ရမှာပါ။

အကယ်၍ အချို့သော bridges များသည် မရောက်ရှိနိုင်ဖြစ်ခဲ့လျှင် bridge လိပ်စာ တစ်ခုထက်ပိုမို ပြင်ဆင်ထည့်သွင်းထားခြင်းသည် Tor သို့ချိတ်ဆက်မှုကို ပိုမို တည်ငြိမ်စေမှာ ဖြစ်ပါတယ်။