Tor Relay တစ်ခုကို စတင်ပြင်ဆင်ခြင်း


Tor ကွန်ယက်သည် တကမ္ဘာလုံးက စေတနာ့ဝန်ထမ်းတွေဟာ Tor realy ကို run ပြီး ၎င်း၏ အရံ bandwidth တွေကို လှူဒါန်းခြင်း အားဖြင့် တည်ဆောက်ထားပါတယ်။ Vidalia သည် သင့်ကိုယ်တိုင် realy ကို အလွယ်တကူ set up ပြုလုပ်စေခြင်းအားဖြင့် သင့်ကို အစိတ်အပိုင်း တစ်ခုအဖြစ်ပါဝင်စေရန် ကူညီပေးပါတယ်။

အခြေခံ Setting များ

အကယ်၍ realy ကို run ပြီး Tor ကွန်ယက်ကို ဖွံ့ဖြိုးစေဖို့ သင်ကူညီလိုတယ်ဆိုရင် စတင်ဖို့အတွက် ဤအချက်များကို လိုက်လုပ် နိုင်ပါတယ်:

  1. Macintosh systems တွင် သင်၏ system menubar မှ အသွင်အပြင် သို့မဟုတ် tray menu မှ Settings ကိုရွေးချယ်ခြင်းအားဖြင့် ပြင်ဆင်ခြင်း Dialog ကို ဖွင့်ပါ။
  2. Relay ပြင်ဆင်ခြင်းစာမျက်နှာကို ရွေးချယ်ပါ။
  3. မည်သည့် ပုံမှန် Tor relay သို့မဟုတ် bridge relay (Tor 0.2.0.8-alpha သို့မဟုတ် ဗားရှင်းအသစ်များ) ကို သင် run လိုသည်ဆိုတာကို ဆုံးဖြတ်ပါ။ Bridge relays တွေဟာ Tor ကွန်ယက်ကို တိုက်ရိုက် ဆက်သွယ်ခြင်းကို ပိတ်ဆို့ခြင်း ခံထားရတဲ့ Tor အသုံးပြုသူများရဲ့ ဆင်ဆာဖြတ်ထားခြင်းခံရတာကို ကူညီပေးပါတယ်။ အကယ်၍ ပုံမှန် Tor relay ကို run ချင်ရင် Tor ကွန်ယက်အတွက် Relay လမ်းကြောင်း သို့မဟုတ် bridge relay ကို run ချင်လျှင် Tor ကွန်ယက်သို့ ရောက်ရှိရန် ဆင်ဆာ အဖြတ်ခံထားရသော အသုံးပြုသူများကို ကူညီပါ ဆိုသော box များကို check လုပ်ပါ။
  4. အောက်ပါအချက်အလက်များကို ထည့်သွင်းပါ။
  5. အကယ်၍ ကွန်ယက်ပေါ်ရှိ အခြားသူများ အတွက် relays များ၏ mirror Tor's directory ပြုလုပ်လိုလျှင် Mirror the Relay Directory box ကို check လုပ်ပါ။ အကယ်၍ bandwidth များများစားစား မရှိဘူးဆိုရင်တော့ ၎င်းboxကို uncheck လုပ်ပါ။ အကယ်၍ relay directory ကို mirror ပြုလုပ်ဖို့ ဆုံးဖြတ်တယ်ဆိုရင် သင်အထက်တွင် ထည့်ထားသော Relay port နှင့် Directory Port တို့ ကွဲပြားနေပါစေ။ Bridge relay တွေဟာ မဖြစ်မနေ relay directory ကို mirror ပြုလုပ်ဖို့ လိုပါတယ်။

Bandwidth ကန့်သတ်ချက်များ

Tor relay ကို run ခြင်းသည် bandwidth ၏ ကြီးမာသော ပမာဏကို ကုန်စေပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် Tor ဟာ သင် Tor network ကို ပူးပေါင်းပါဝင်ချင်သော ဆန္ဒရှိတဲ့အတွက် သင့်ကို bandwidth ပမာဏကို ကန့်သတ်ခွင့်ပေးပါသည်။ သင့်ကိုယ်ပိုင် အသုံးပြုမှုအတွက် အသုံးပြုနိုင်သော ကွန်ယက်ဆက်သွယ်မှုကို သိမ်းထားတုန်း အချိန်မှာပဲ relay ကို run နိုင်ပါတယ်။

သင် ဆက်သွယ်မှုမြန်နှုန်းနှင့် လိုက်ဖက်မယ့် dropdown box ထဲက option ကို ရွေးချယ်သင့်ပါတယ်။ အကယ်၍ ကိုယ်ပိုင်ဆိုတာကို ရွေးချယ်ခဲ့လျှင် သင့်ကိုယ်ပိုင် ကန့်သတ်ချက်များ ကို သတ်မှတ်ရပါလိမ့်မယ်။

ကိုယ်ပိုင်ကန့်သတ်ချက်များ

အမြင့်ဆုံးနှုန်း သည် bytes အစုပေါင်းဖြစ်ပြီး သတ်မှတ်ထားသောပျမ်းမျှနှုန်းထက် မြန်ဆန်သော လမ်းကြောင်း ၏ ကာလတို အတောတွင်း တောင်းဆိုမှုများကို ဖြည့်ဆည်းပေးရန် အတွက် အသုံးပြုသည်။ သို့သော် ကာလရှည်များတွင် ပျမ်းမျှနှုန်းကို ပြုပြင်နေဆဲ ဖြစ်သည်။ အကယ်၍ ပျမ်းမျှသည် နောက်ကျပြီး မရောက်ခဲ့ဘူးဆိုလျှင် peak times အတောအတွင်း လမ်းကြောင်းအများပြားကို ခွင့်ပြုနေချိန်မှာပဲ နိမ့်သော ပျမ်းမျှနှုန်း ဒါပေမယ့် မြင့်သော အမြင့်ဆုံး နှုန်းတွေဟာ ရေရှည်ကာလ ပျမ်းမျှနှုန်း အတွက် အတည်ပြုပေးမှာ ဖြစ်ပါသည်။ အကယ်၍ သင်၏ ပျမ်းမျှနှုန်းသည် အမြင့်ဆုံးနှုန်းနှင့် တူညီနေလျှင် Tor သည် သတ်မှတ်ထားသော နှုန်းထက် ဘယ်တော့မှ ပိုလွန်မှာ မဟုတ်ပါဘူး။ သင်၏ အမြင့်ဆုံးနှုန်း သည် အမြဲတမ်း ပျမ်းမျှနှုန်း ထက် ကြီးရင်ကြီး သို့မဟုတ် တူညီနေရပါမယ်။

ပျမ်းမျှနှုန်း သည် အမြင့်ဆုံး ကာလရှည်ကြာ ခွင့်ပြုသော bandwidth (kilobytes per second ဖြင့်) ဖြစ်သည်။ ဥပမာအားဖြင့် 2 megabytes per second (2048 KB/s), သို့မဟုတ် 50 kilobytes per second (cable ဆက်သွယ်မှု၏ ပုံမှန်မြန်နှုန်း)ကို သင်ရွေးချယ်လိုခြင်း ဖြစ်သည်။ Tor သည် အနိမ့်ဆုံး relay ကို run ရန် 20 kilobytes per second လိုအပ်သည်။

အရေးတကြီး သတိရ ရမှာက Tor ဟာ bandwidth တွေကို bytes နဲ့တိုင်းတာပါတယ်။ bits မဟုတ်ပါ။ Tor ဟာ ထွက်သွားတဲ့ bytes တွေအစား ဝင်လာတဲ့ bytes တွေကိုသာ ကြည့်ပါတယ်။ ဥပမာအားဖြင့် အကယ်၍ သင့် realy ဟာ directory mirror အဖြစ် ပြုမူတယ်ဆိုရင် ဝင်လာသော bytes များထက် ပို၍ထွက်သွားသော bytes များကို သင်ပေးပို့မည် ဖြစ်သည်။ အကယ်၍ ၎င်းသည် ပြဿနာ တစ်ခု ဖြစ်သည်ဟု သင်ရှာဖွေ့တွေ့ရှိ ခဲ့လျှင် ၊ သင့် bandwidth ပေါ်တွင် အားစိုက်မှုများ အလွန်အမင်း သွတ်သွင်း နေတယ်လို့ ရှာဖွေတွေ့ရှိခဲ့လျှင် Mirror the relay directory checkbox ကို uncheck ပြုလုပ်ရန် သင်ဆုံးဖြတ်သင့်သည်။

ထွက်ပုံထွက်နည်းများ

ထွက်ပုံထွက်နည်းများသည် အင်တာနက်ပေါ်က မည်သည့် အရင်းမြစ်အမျိုးအစား ကို သင့် Tor relay မှ အခြားသော Tor အသုံးပြုသူများ ရယူခွင့်ပြုရန် သတ်မှတ်ပေးသော နည်းလမ်းဖြစ်သည်။ Tor က အခြားသော ဝန်ဆောင်မှုများကို ကန့်သတ်ထားတဲ့ ရှိနေပြီးသားမူဝါဒများ စာရင်း မူရင်းကို အသုံးပြုသည်။ မေးလ်က spam များကို ကာကွယ်ရန်နှင့် အချို့သော မူရင်း ဖိုင်ဝေမျှခြင်း ports များသည် Tor ကွန်ယက်ကို နှောင့်ယှက်ခြင်းကို လျှော့ချပေးသကဲ့သို့ ဖြစ်သည်။

checkbox တွေရဲ့ တစ်ခုချင်းစီဟာ သင့် relay ကို ဖြတ်၍ access လုပ်တာကို Tor အသုံးပြုသူများအား သင်ခွင့်ပြုနိုင်တဲ့ အရင်းမြစ်အမျိုးအစားကို ကိုယ်စားပြုပါတယ်။ အကယ်၍ အရင်းမြစ်အမျိုးစား တစ်ခုချင်းစီအလိုက် uncheck လုပ်ခဲ့မယ်ဆိုရင် သင့် relay ကနေ ၎င်းအရင်းမြစ်များကို ရယူရန် Tor အသုံးပြုသူများအား ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ Misc အခြားသောဝန်ဆောင်မှုများ ဟု label တပ်ထားသော box ကို check လုပ်ပြီးပြီးဆိုလျှင် အခြား checkboxes များ အားဖြင့် Tor အသုံးပြုသူများဟာ အခြားသော ဝန်ဆောင်မှုများ ကို ရယူနိုင်ပါလိမ့်မည်။ သို့မဟုတ် Tor ၏ မူရင်း ရှိနေပြီးသား မူဝါဒ။

ပိုမိုပြည့်စုံရန်အတွက် ရှိပြီးသား မူဝါဒ checkboxes များ တစ်ခုချင်းစီကို အောက်ဖော်ပြပါ သတ်မှတ်ထားသော port နံပါတ်များ ဇယားကွက် စားရင်းများက ကိုယ်စားပြုပါတယ်။ ဖော်ပြချက် ကော်လံတွင် အကယ်၍ ဆက်စပ်သော box ကို check လုပ်ခဲ့တယ်ဆိုလျှင် Tor clients များ၏ အရင်းမြစ်များက သင့် relay ကို ဖြတ်၍ ရယူရန် ခွင့်ပြုတာကို ဖော်ပြပေးမည် ဖြစ်သည်။

Checkbox Ports ဖော်ပြချက်
Websites 80 ပုံမှန် encrypt မလုပ်ထားသော Web browsing
Secure Websites (SSL) 443 Web browsing ကို encrypt လုပ်ခြင်း
Retrieve Mail (POP, IMAP) 110, 143, 993, 995 Downloading email (အီးမေးလ်ပေးပို့ခြင်းကို ခွင့်မပြု)
Instant Messaging (IM) 703, 1863, 5050, 5190, 5222, 5223, 8300, 8888 Instant messaging applications like MSN Messenger, AIM, ICQ, and Jabber
Internet Relay Chat (IRC) 6660-6669, 6697, 7000-7001 IRC clients and servers
Misc. အခြားသောဝန်ဆောင်မှုများ * ပြီးခဲ့သော checkboxes များသည် အခြားသော applications များအားလုံးကို မခြုံငုံနိုင်ပါ။

အကယ်၍ သင့် relay ကနေ Tor အသုံးပြုသူများက Tor ကွန်ယက် ပြင်ပဆက်သွယ်မှု ပြုလုပ်မည်ကို ခွင့်မပြုဘူးဆိုလျှင် checkboxes တွေအားလုံးကို uncheck လုပ်နိုင်ပါတယ်။ သင် checkboxes ကို uncheck လုပ်ခဲ့ရင်တောင် သင့် relay ဟာ Tor ကွန်ယက်ကို အကျိုးပြုနေအုံးမှာပါ။ သင့် relayသည် အခြားသော အသုံးပြုသူများက Tor ကွန်ယက်ကို ဆက်သွယ်ရန် ခွင့်ပြုလိမ့်မည် ဖြစ်ပြီး အခြား Tor relays များအကြား relay လမ်းကြောင်းကိုလည်း ကူညီပေးလိမ့်မည် ဖြစ်သည်။

အကယ်၍ bridge relay ကို run ဖို့ ရွေးချယ်လိုက်တယ်ဆိုရင်၊bridge relays များသည် ရှိနေသော ဆက်သွယ်မှုများကို ခွင့်မပြုဘူး ဆိုကတည်းက Exit Policies tab သည် မီးခိုးရောင်ပြောင်းသွားလိမ့်မည်။ Tor ကွန်ယက်ကို Tor clients များ ချိတ်ဆက်မှသာ Bridges များကို အသုံးပြုနိုင်သည်။

Port Forwarding

များစွာသော အိမ်တွင်အသုံးပြုသူများသည် local ကွန်ယက်ပေါ်ရှိ မြောက်မြားစွာသော ကွန်ပြူတာများကို တူညီသော အင်တာနက်ဆက်သွယ်မှုအား မျှဝေပေးရန် ခွင့်ပြုသောrouter မှတဆင့် အင်တာနက်ကို ချိတ်ဆက်ကြသည်။ အချို့သော အသုံးပြုသူများသည် အင်တာနက်ပေါ်ရှိ အခြားသော ကွန်ပြူတာများမှ သင့်ကွန်ပြူတာသို့ ဝင်ရောက်လာသည့် ဆက်သွယ်မှုများကို ပိတ်ဆို့မည့် firewall ၏ အနောက်တွင်လည်း ရှိနေတတ်သည်။ အကယ်၍ Tor relay ကို run ချင်တယ်ဆိုလျှင် အခြားသော Tor clients များနှင့် relays များသည် အိမ်သုံး router သို့မဟုတ် firewall ကိုဖြတ်၍ သင်၏ relay ကို ချိတ်ဆက်ရပါလိမ့်မယ်။

သင့် realy ကို အများက ဝင်ကြည့်နိုင်အောင် ပြုလုပ်ရန် port forwardingကို ပြင်ဆင်ခြင်း အားဖြင့် သင်၏ router သို့မဟုတ် firewall သည် သင့်ကွန်ပြူတာကို ဖြတ်၍ မည်သည့် ports များကို ခွင့်ပြုရမယ်ဆိုတာ သိရှိရန် လိုအပ်ပါသည်။ Port forwarding ပြင်ဆင်ခြင်းသည် သင်၏ router သို့မဟုတ် firewall က ဆက်သွယ်မှုအားလုံးကို "forward" ပြုလုပ်ရန် သင်၏ router သို့မဟုတ် firewall က ကွန်ပြူတာပေါ်ရှိ local ports များကို ရရှိရန် အတွက် ဖြစ်သည်။

port forwarding ပြုလုပ်ရန်အလိုအလျောက် ပြင်ဆင်ရန် ကြိုးစားခြင်း label တပ်ထားသော box ကို check လုပ်ခဲ့လျှင် သင်၏ local ကွန်ယက် ဆက်သွယ်မှုတွင် Vidalia သည် အလိုအလျောက် port forwarding ပြုလုပ်ရန်အတွက် ပြင်ဆင်ဖို့ ကြိုးစား ပေးမှာ ဖြစ်ပါတယ်။ ထို့ကြောင့် တစ်ခြား Tor clients များဟာ သင့် relay ကို ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ routers အားလုံးကတော့ အလိုအလျောက် port forwarding ပြုလုပ်ခြင်းကို အထောက်ကူပေးမှာ မဟုတ်ပါဘူး။Vidalia သည် port forwarding ကို အလိုအလျောက် set up ပြုလုပ်ခဲ့လျှင် Test button ၏ ဘေးရှိ checkbox ကို အသုံးပြုနိုင်ပါတယ်။

Test butons သည် port forwarding ကို set up ပြုလုပ်ရန်အတွက် Vidalia သည် unable ဖြစ်နေသည်ကို ရှာဖွေတွေ့ရှိခဲ့လျှင် router ရှိ ၎င်း feature ကို enable လုပ်ခြင်း သို့မဟုတ် port forwarding ကို manual အားဖြင့် set up ပြုလုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ တစ်ချို့ network ပစ္စည်းများတွင် Universal Plug-and-Play (UPnP) လို့ခေါ်တဲ့ feature ရှိပါတယ်။ အကယ်၍ router ၏ စီမံခန့်ခွဲသူ မျက်နှာစာကို သင် ဝင်ကြည့်နိုင်သည် ဆိုလျှင် UPnP ကို enable ပြုလုပ်ရန် option ကို ရှာဖွေသင့်ပါတယ်။ router အများစုအတွက် စီမံခန့်ခွဲသူ မျက်နှာစာကို Web browser တွင် http://192.168.0.1 သို့မဟုတ် http://192.168.1.1 ကို ဖွင့်ခြင်းအားဖြင့် ဝင်ကြည့်နိုင်ပါတယ်။ များစွာသော အချက်အလက်များအတွက် သင့် router ၏ ညွှန်ကြားချက်များကို manual အားဖြင့် အကြံဉာဏ်ယူသင့်ပါတယ်။

port forwarding ကို manual အားဖြင့် set up လုပ်ဖို့ လိုအပ်ခဲ့လျှင် portforward.com ဝက်ဘ်ဆိုက်တွင် routers နှင့် firewalls အမျိုးစုံအတွက် port forwarding ကို မည်သို့ set up ပြုလုပ်ရမည်ဆိုသော လမ်းညွှန်ချက်များ ရှိပါတယ်။ အနိမ့်ဆုံးအနေနှင့် အခြားသော Windows နှင့် 9001 operating systems များတွင် မူရင်းတန်ဖိုး port 443 ဖြစ်နေသောRelay Port ကို forward ပြုလုပ်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ Mirror the relay directory label တပ်ထားသော checkbox ကို check လုပ်ပြီးပြီ ဆိုလျှင် Directory Portကိုလည်း forward ပြုလုပ်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ Directory Port သည် opreating systems များအားလုံးတွင် မူရင်းတန်ဖိုး port 9030 အဖြစ် ရှိနေမှာပါ။