အကူအညီ


အောက်ပါ စာရင်းများသည် ဘုံပြဿနာများ သို့မဟုတ် Tor ကို run နေတဲ့အချိန်မှာ လူတွေ မေးတတ်တဲ့ မေးခွန်းများ ဖြစ်သည်။ အကယ်၍ ပြဿနာအချက်အလက်များ အကြောင်း တစ်စုံတစ်ခုကို ရှာဖွေမတွေ့ဘူးဆိုလျှင် အထောက်ကူပြု အချက်အလက်များ အတွက် www.vidalia-project.net ဆိုက်မှာ ရှာကြည့်ပါ။

Tor ကို မစတင်နိုင်ပါ။

Vidalia သည် Tor ကို မစတင်နိုင်သည့် အကြောင်းရင်းသည် Tor installation လမ်းကြောင်းအမှား ထဲကို သွားရှာဖွေနေ၍ ဖြစ်သည်။ အထွေထွေပြင်ဆင်မှု settingsထဲရှိ Tor Executable option ကို update ပြုလုပ်ခြင်းအားဖြင့် Vidalia ကို Tor ရဲ့ တည်နေရာအား ပြောပြနိုင်ပါတယ်။

အခြားဖြစ်နိုင်ခြေရှိသည့် အကြောင်းရင်းမှာ အခြား Tor process သည် run နှင့်နေပြီး ဖြစ်၍ Tor မစတင်နိုင်ခြင်း ဖြစ်သည်။ အကယ်၍ သင်ရှာဖွေတွေ့ခဲ့လျှင် run နေသော process များစာရင်း ကို စစ်ဆေးကြည့်ပြီး အရင် run နေသော Tor process ကို ရပ်တန့်ပစ်ပါ။ ထို့နောက် နောက်တစ်ကြိမ် Tor ကို ပြန် run ကြည့်ပါ။

အကယ်၍ ၎င်းသည် အကူညီမရဘူးဆိုလျှင် အကယ်၍ စတင်ရန် ကြိုးစားတဲ့အချိန်မှာ ကြုံတွေ့ရမယ့် အမှားအယွင်းများ နှင့် သက်ဆိုင်သော အချက်အလက်များကို Tor က ပြသတာကို message log တွင်မြင်တွေ့ရန် check လုပ်ပါ။

Tor ကို Vidalia ဆက်သွယ်၍ မရပါ။

Tor ၏ ထိန်းချုပ်မှု portမှတဆင့် ဆက်သွယ်ခြင်းအားဖြင့် Vidalia သည် Tor ကို ကွပ်ကဲနိုင်သည်။

အများအားဖြင့် တူညီသော အကြောင်းရင်းမှာ Tor စတင်နေ၍ Vidalia သည် Tor ကို မချိတ်ဆက်နိုင်ခြင်း ဖြစ်သည်။ သို့သော် အမှားအယွင်း ကြုံပြီး ရုတ်တရက် ထွက်သွား လိမ့်မည်။ စတင်တဲ့အချိန်မှာ Tor က အမှားယွင်းတစ်ခုခုကို တင်ပြခဲ့လျှင် message logကို တွေ့မြင်ရန် check လုပ်ပါ။

အကယ်၍ Vidalia မျှော်မှန်းတာထက် Tor က မတူညီသော port တွေပေါ်မှာ နားထောင်နေလျှင် Vidalia က Tor ဆက်သွယ်မှုကို ဖြတ်ချလိုက်မှာ ဖြစ်ပါတယ်။ ၎င်း setting ကို ပြောင်းလဲဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခြား ဝန်ဆောင်မှု တစ်ခုခုက သင့်စက်ပေါ်တွင် run နေ၍ Tor ၏ ထိန်းချုပ်မှု port နှင့် ပဋိပက္ခ ဖြစ်နေခဲ့လျှင် သင်အနေနှင့် မတူညီသော port တစ်ခုကို သတ်မှတ်ပေးဖို့ လိုပါလိမ့်မယ်။ Vidalia ၏ အဆင့်မြင့် ပြင်ဆင်နိုင်သော settingsတွင် ၎င်းကို ပြင်ဆင်နိုင်ပါသည်။

Vidalia က "control password" အတွက် ဘာလို့ လာမေးနေတာလဲ?

Vidalia သည် Tor softwareကို Tor ၏ "control port" မှတဆင့် အပြန်အလှန်ဆက်သွယ်ပါတယ်။ control port က Vidalia ကို Tor ၏ နောက်ဆုံးရ အချက်အလက်များကို ရရှိစေခြင်း၊ identity အသစ်ကို တောင်းဆိုပေးခြင်း၊ Tor ၏ setting ကို ပြင်ဆင် ပေးခြင်း စသည်တို့ကို လုပ်ဆောင်ပေးပါသည်။ Vidalia သည် Tor ကို စတင်လိုက်တိုင်းမှာ အခြား application များက ထိန်းချုပ်မှု port ကို ဆက်သွယ်ခြင်းမှ ကာကွယ်ရန် Tor ၏ control port အတွက် ကျပန်း password ကို ထုတ်ပေးပါသည်။ ပြီးနောက် သင်မည်သူမှန်း မသိအောင် ခြေရာဖျောက်ပေးပါသည်။

ပုံမှန်အားဖြင့် ကျပန်း password ထုတ်ပေးခြင်းနှင့် အသစ်ထုတ်ပေးခြင်းများသည် နောက်ကွယ်တွင် ဖြစ်လေ့ရှိပါတယ်။ Vidalia က သင့်ကို password ထုတ်ပေးမယ့် နေရာတွင် ဘုံတူညီသော အခြေအနေ သုံးမျိုးရှိပါတယ်။ :

ရုတ်တရက် Tor ထွက်သွားလျှင်

အကယ်၍ စတင်ပြီး မကြာခင်မှာ ရုတ်တရက် Tor ထွက်သွားလျှင် အခြား Tor process သည် run နှင့်နေပြီး ဖြစ်သောကြောင့် ဖြစ်သည်။ အဝါရောင် highlight ပြထားသော စာရင်းထဲရှိ မည်သည့် messages အနည်းငယ်ကို မဆို မြင်တွေ့ရန် message logကို စစ်ဆေးပါ။ ၎င်းနှင့် အလားသဏ္ဍာန်တူ message များမှာ အောက်ပါအတိုင်းဖြစ်သည်။ :

connection_create_listener(): 127.0.0.1:9050 ကိုမပေါင်းနိုင်ပါ။: ဤလိပ်စာသည်အသုံးလျှက်ရှိသည်။ 
Tor သည် run နှင့်နေပြီလား?

အကယ်၍ အထက်ပါကဲ့သို့ အမှားယွင်း message ကိုတွေ့လျှင် Vidalia နှင့် Tor process အသစ်တစ်ခု မစတင်ခင်မှာ အခြား Tor process ကို ရပ်တန့်ပစ်ဖို့ လိုပါတယ်။ Windows မှာဆိုရင် သင့်ရဲ့ Task Manager ထဲက tor.exe ကို ရှာဖွေရပါမယ်။ အခြား Opreating systems တွေမှာဆိုရင်တော့ ps command ဟာ အခြား Tor process ကို ရှာဖွေဖို့ ကူညီပေးပါလိမ့်မယ်။

အကယ်၍ အချိန်အနည်းငယ်(စက္ကန့်အနည်းငယ်)အတွင်း Tor သည်အောင်မြင်စွာ run နိုင်ခဲ့လျှင် သင်အနေနှင့် မထွက်ခင် Tor ၏ အမှားအယွင်းများဆိုင်ရာ အချက်အလက်အတွက် message log ကို စစ်ဆေးကြည့်သင့်သည်။

Vidalia သည် Tor ကို မရပ်တန့်နိုင်ပါ။

အကယ်၍ Vidalia သည် Tor ကို မရပ်တန့်နိုင်လျှင် ထွက်နေတုန်း အမှားအယွင်း တစ်ခုခုကို Tor တင်ပြတဲ့အခါမြင်ရန် message log ကို စစ်ဆေးသင့်ပါသည်။