Hidden Services


သတိပြုရန်၊ Vidalia ရှိ Hidden service အတွက် ထောက်ပံ့မှုသည် အသစ်ဖြစ်ပါသည်။ bug များလည်းရှိနေနိုင်ပြီး သင်၏ hidden service configuration ကိုလည်း အနှောင့်အယှက်ပေးနိုင်သည်။ ထို့ကြောင့် ထိုတခုထဲကို ပုံအောအားမကိုးပါနှင့်။ bug သို့မဟုတ် feature အသစ်အတွက် မှတ်ချက်ရှိပါက အသိပေးပါ။

hidden service ဆိုတာဘာလဲ

hidden service က သင့်ကို HTTP service သို့မဟုတ် IP လိပ်စာမဖော်ပြပဲလုပ်ရသည့် TCP အခြေခံ service အကုန် ထောက်ပံ့ပေးနိုင်ပါသည်။ hidden service ကိုထောက်ပံ့ပေးမည့် protocol ကို Tor က လုံခြုံရေးအတွက်အသုံးပြုထားသည့် အချက်အလက်များရှိသည့် circuit များတွင် တည်ဆောက်ထားပါသည်။

hidden service အတွက် အသေးစိတ်အချက်လက်များကို Tor's design paper (doc/design-paper/tor-design.pdf) သို့မဟုတ် Rendezvous Specification (doc/spec/rend-spec.txt)၏ ကဏ္ဍ ၅ တွင်ဖတ်ပါ။

hidden service ကိုဘယ်လို ထောက်ပံ့ပေးရမလဲ

hidden service ကိုထောက်ပံ့ခြင်းတွင် အနည်းဆုံးအဆင့် ၂ ခုရှိပါသည်

  1. web server ကိုသွင်းယူခြင်း (IRC ကဲ့သို့ သင်ထောက်ပံ့လိုသော မည်သည့် service မဆို၏ဆာဗာအတွက်) local request များကိုကြည့်ပါ။
  2. သင်၏ hidden service ကို configure လုပ်ပါ။ ထိုအခါမှ သင့် local server ထဲကို Tor user များထံမှ relay request များရောက်ပါမည်။
Tor website (https://www.torproject.org/docs/tor-hidden-service.html)တွင် အသေးစိတ်ကို အဆင့်လိုက်ပြထားသော tutorial ကောင်းများရှိပါသည်။

ဘယ်ဒေတာတွေကို ထောက်ပံ့ပေးဖို့လိုသလဲ။

service table တွင် configured hidden အကြောင်းပါဝင်သော colum ၅ ခုပါရှိသည်။

button ငါးခုက ဘာအတွက် အသုံးပြုတာလဲ?

အဆင့်မြင့် ဝှက်ထားသော ဝန်ဆောင်မှု setting များကို ပြင်ဆင်နိုင်ပါသလား?

Tor သည် ဝှက်ထားသော ဝန်ဆောင်မှုများ အတွက် သတ်မှတ်ထားသော setting များကို ပြင်ဆင်ရန် ခွင့်ပြုပါသည်။ ဥပမာ မိတ်ဆက် ပွိုင့်များ အဖြစ် သေချာသော node များကို အသုံးပြုရန် (သို့မဟုတ် ရှောင်ကြဉ်ရန်) သို့မဟုတ် တူညီသော ဝန်ဆောင်မှုအတွက် များစွာသော virtual port များကို ထောက်ပံ့ပေးရန် တို့ ဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်ုပ်တို့သည် ဘုံ setting များကိုသာ ထောက်ပံ့ပေးရန် နှင့် Vidalia ထဲရှိ အရာများကို သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ အကယ်၍ အဆင့်မြင့် setting များကို ပြင်ဆင်ချင်လျှင် Tor torrc ဖိုင်ထဲတွင် ပြုလုပ်ရန် လိုအပ်ပါသည်။ ဝှက်ထားသော ဝန်ဆောင်မှုများကို တည်းဖြတ်နေတဲ့ အခါမှာတောင် Vidalia က ၎င်း setting များကို ဖယ်ထုတ် လိမ့်မည် မဟုတ်ပါ။ အကယ်၍ virtual port တစ်ခုထက်ပို၍ သတ်မှတ်ချင်လျှင် ပထမဦးစွာ ဖော်ပြပေးလိမ့်မည် ဖြစ်ပြီး တည်းဖြတ်နိုင်ပါလိမ့်မည်။

အခြား ဝှက်ထားသော ဝန်ဆောင်မှုများကို ရယူရန် Vidalia က ဘယ်လိုလုပ်သလဲ?

ထိုကဲ့သို့ ပြုလုပ်ရန် မလိုအပ်ပါ။ အကယ်၍ အခြားသော ဝှက်ထားသော ဝန်ဆောင်မှုကို ရယူချင်လျှင် ဝန်ဆောင်မှု၏ onion လိပ်စာကို သင့် browser ထဲတွင် ရိုက်ထည့်ပါ။ (သို့မဟုတ် web ဝန်ဆောင်မှု မဟုတ်လျှင် သင့်လျှော်သော client application ကိုသုံးပါ)။ ကျန်တာကို Tor က ပြုလုပ်ပေးပါမည်။ အဲ့ဒိအတွက် Tor ကို အထွေထူး ပြင်ဆင်ရန် မလိုအပ်ပါ။