Running Tor


Vidalia သည် မမျှော်လင့်ပဲ ပရိုဂရမ် ပိတ်သွားခြင်းကို သင်အား ပေးသိပြီး Tor ၏ status ကို ကောင်းစွာ စောင့်ကြည့်လေ့လာရန် Tor ကို start နှင့် stop သင့်အား ပြုလုပ်စေခြင်းအားဖြင့် Tor process ကို သင် ထိန်းချုပ်နိုင်ရန် ကူညီပေးပါသည်။

Starting and Stopping Tor

Tor ကို startလုပ်ရန်

  1. Vidalia ၏ tray meanu မှ Startကို ရွေးချယ်ပါ သို့မဟုတ် Ctrl+Sကို နှိပ်ပါ။
  2. .
  3. Tor စတင်လိုက်တဲ့အချိန်မှာ Vidalia ၏ tray icon သည် အနီရောင် X နှင့် onion မှ အစိမ်းရောင် onion သို့ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။
အကယ်၍ Vidalia သည် Tor ကို မစတင်နိုင်ဘူး ဆိုလျှင် ဘာမှားနေတယ်ဆိုတဲ့ error message ကို Vidalia က ပြသပေးမှာ ဖြစ်ပါတယ်။ ဘာမှားနေတယ်ဆိုတဲ့ အချက်အလက်များကို Tor က ဖော်ပြခဲ့လျှင်
message logမှာလည်း ကြည့်ရှုနိုင်ပါတယ်။

Tor ကို stopပြုလုပ်ရန်

  1. Vidalia ၏ tray menu မှ Stopကို ရွေးချယ်ပါ သို့မဟုတ် Ctrl+T နှိပ်ပါ။
  2. .
  3. Tor ကို ရပ်တန့်လိုက်တဲ့အခါ Vidalia ၏ tray icon သည် အစိမ်းရောင် onion မှ အနီရောင် X နှင့်အတူ မီးခိုးရောင် onion အဖြစ်သို့ ပြောင်းလဲသွား ပါလိမ့်မယ်။
အကယ်၍ Vidalia သည် Tor ကို မရပ်တန့်နိုင်ခဲ့လျှင် Vidalia သည် ဘာမှားနေတယ်ဆိုတဲ့ error message ကို ပြသပေးမှာ ဖြစ်ပါတယ်။ အကယ်၍ Tor က ဘာမှားနေတယ်ဆိုတဲ့ အချက်အလက်များကို ဖော်ပြခဲ့လျှင် message log မှာလည်း ကြည့်ရှုနိုင်ပါသေးတယ်။

Tor ၏ Status ကို စောင့်ကြည့်လေ့လာခြင်း

dock area သို့မဟုတ် သင်၏ system tray ထဲမှာ icon ကို ဖော်ပြခြင်းအားဖြင့် Vidalia က Tor ၏ status တွေ အကြောင်း သင့်ကိုပြောပြမှာပါ။ အောက်ဖော်ပြပါ ဇယားကွက်သည် သင့် system ၏ notification area ရှိ icon က မတူညီတဲ့ အခြေအနေတွေကို ရည်ညွှန်းထားတဲ့ ဇယားကွက်ဖြစ်ပါတယ်:

Tor ရပ်တန့်သွားပါပြီ။ Tor ကို စတင်ရန် Vidalia menu မှ Startကို ရွေးပါ။
Tor သည် စတင်နေပါပြီ။ စတင်နေတဲ့အချိန်မှာပဲ Tor အကြောင်း အချက်အလက် status အတွက် message logကို စစ်ပါ။
Tor သည် run နေပါသည်။ အကယ်၍ Tor ကို ရပ်တန့်ချင်လျှင် Vidalia menu မှ Stop ကိုရွေးပါ။ အကယ်၍ Tor ဘာလုပ်နေတယ်ဆိုတာ မြင်ချင်ရင် Tor က အချက်အလက်ဆိုင်ရာ messages များကို message log မှာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။
Tor ဟာ shut down ပြုလုပ်နေဆဲ အခြေအနေမှာပါ။

အကယ်၍ မမျှော်လင့်ပဲ Tor က ထွက်သွားခဲ့လျှင် Vidalia ဟာ red X နှင့် အမဲရောင် onion ကိုပြောင်းလဲသွားမှာ ဖြစ်ပြီး ဘာမှားသွားတယ်ဆိုတဲ့ error message ကို ပြသမှာ ဖြစ်ပါတယ်။ မထွက်ခင်မှာ Tor ဟာ ပြဿနာတစ်ခုခုနှင့် ကြုံတွေ့တဲ့ အသေးစိတ် အကြောင်းကို message log မှာ စစ်ဆေးနိုင်ပါတယ်။