Network Viewer


network viewer ဟာ သင်၏ လမ်းကြောင်းဘယ်ကို သွားနေလဲဆိုတာရယ်၊ Tor ကွန်ယက်ပေါ်က relays တွေကို ကြည့်ရှုနိုင်အောင် လုပ်ဆောင်ပေးပါတယ်။

ခြုံငုံကြည့်ခြင်း

Tor ကို ဖြတ်ပြီး အမည်မသိအနေနဲ့ သင်ချိတ်ဆက်လိုလျှင် (တနည်းအားဖြင့် ဝက်ဘ်ဆိုက်ကို ချိတ်ဆက်ချင်လျှင်)၊ Tor က tunnel တစ်ခုကို ဖန်တီးပေးပါတယ်။ သို့မဟုတ် encrypt (ပုံစံဖျက်ထားသော) ချိတ်ဆက်မှုများ၏ circuitသည် ကွန်ယက်ပေါ်မှာ ရှိတဲ့ relays အတွဲလိုက်ကို ဖြတ်သန်းသွားပါလိမ့်မယ်။ သင့် application ရဲ့ လမ်းကြောင်းတွေဟာ အဲဒိ circuit ကိုဖြတ်ပြီး စီးဆင်းရာလမ်းကြောင်း အဖြစ် ပို့ဆောင် မှာ ဖြစ်ပါတယ်။ အဆင်ပြေချောမွေ့စေရန် အတွက် များစွာသော စီးဆင်းရာလမ်းကြောင်းတွေကို တူညီတဲ့ circuit မှာပဲ ဝေမျှပေးမှာ ဖြစ်ပါတယ်။

ကွန်ယက်မြေပုံ

ကွန်ယက်မြေပုံတွင် အနီရောင် pinpoints များဖြင့် ရည်ညွှန်းထားသော Tor ကွန်ယက်ပေါ်ရှိ relays များ၏ ပထဝီဆိုင်ရာ ဒေသများနှင့် ကမ္ဘာ့မြေပုံပါဝင်ပါသည်။ အစိမ်းရောင်လိုင်းများသည် relays များအကြား Tor ကွန်ယက်ကို ဖြတ်၍ ဖန်တီးထားသော Tor client ဖြစ်တဲ့ circuits များ၏ လမ်းကြောင်းကို ရည်ညွှန်းပါတယ်။

မြေပုံပေါ်ရှိ တည်နေရာများကို toolbar ပေါ်ရှိ Zoom In နှင့် Zoom Out ကိုနှိပ်၍ ချုံ့၍/ချဲ့၍ ကြည့်နိုင်ပါတယ်။ မြေပုံပေါ်တွင် မည်သည့် လမ်းကြောင်းကို မဆို သင်ရွေ့၍ ကြည့်လိုလျှင် ၎င်းပေါ်တွင် နှိပ်၍ ဆွဲရွှေ့ပြီး ကြည့်ရှုနိုင်ပါတယ်။

GeoIP database ထဲက relay ၏ IP လိပ်စာများကို ကြည့်ခြင်းအားဖြင့် Tor relay တစ်ခု၏ ပထဝီဆိုင်ရာ တည်နေရာကို ဆုံးဖြတ်နိုင်ပါသည်။ ၎င်းကို MaxMind က ဖန်တီးထားတာ ဖြစ်ပြီး geoip.vidalia-project.net မှာတည်ရှိပါတယ်။

ကွန်ယက်မြေပုံ၏ အောက်ဘက် ဒိုင်ယာလော့ခ်၏ အလယ်တွင် အဲ့ဒိ circuits များပေါ်ရှိ လတ်တလော application လမ်းကြောင်းများ ကဲ့သို့ပင် သင်၏ လက်ရှိ circuits များ စာရင်းကို မြင်တွေ့နိုင်ပါတယ်။ ကွန်ယက် မြေပုံ ပထမဆုံး စတင်တဲ့အခါမှာ Tor relays များ၏ စာရင်းအတွက် ပထဝီဆိုင်ရာ သတင်းအချက်အလက်များကို Vidalia ကြည့်တဲ့ခါ တွေ့ရမယ့် geoip.vidalia-project.net ကို ချိတ်ဆက်မှုအား မြင်ရမှာပါ။ အရေးတကြီး သိရမှာက Tor ကိုဖြတ်၍ ပြီးသွားတယ်ဆိုတာပါပဲ။ ထို့ကြောင့် GeoIP relay သို့ သင့်တည်နေရာကို ထုတ်ဖော်ပြောမှာ မဟုတ်ပါဘူး။ ကြည့်ရှုခြင်း၏ ရလဒ်ကတော့ Vidalia ၏ GeoIP relays များပေါ်မှာ load လုပ်တာကို လျှော့ချရန် အလို့ငှာ local မှာပဲ ဖမ်းယူပေးထားမှာ ဖြစ်ပါတယ်။

Relay Status

network view ၏ ဘယ်ဘက်ခြမ်းတွင် Tor ကွန်ယက်ထဲရှိ relays များ စာရင်းကို သင်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ relay တစ်ခုချင်းစီဟာ relay ၏ status ကို ညွှန်းတဲ့ icon ဖြစ်ပါတယ်။ အောက်ဖော်ပြပါ ဇယားကွက်ကတော့ relay status icons များရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အနှစ်ချုပ် ဇယားကွက် ဖြစ်ပါတယ်:

relay သည် offline ဖြစ်နေခြင်း သို့မဟုတ် တုံ့ပြန်မှုမရရှိပါ။
relay သည် hibernating ဖြစ်နေပါသည်။ ဆိုလိုတာကတော့ online ဖြစ်နေတယ် ဒါပေမယ့် ပေးထားသော အချိန်အတိုင်းအတာအတွင်း operator က ခွင့်ပြုလိုပေမယ့် bandwidth တော်တော်များများဟာ အသုံးပြုလိုက်ပြီး ဖြစ်နေပါတယ်။
Relay သည် online ဖြစ်နေသည်။ သို့သော် ၎င်း၏ အနိမ့်ဆုံး နှုန်းကို သာ ဖော်ပြထားပါသည်။
Relay သည် အွန်လိုင်းဖြစ်နေသည်။ ၎င်း၏ နှုန်းမှာ = 20 KB/s
Relay သည် အွန်လိုင်းဖြစ်နေသည်။ ၎င်း၏ နှုန်းမှာ = 60 KB/s
Relay သည် အွန်လိုင်းဖြစ်နေသည်။ ၎င်း၏ နှုန်းမှာ = 400 KB/s

bandwidth တန်ဖိုးအားလုံးသည် အမြင့်ဆုံး bandwidth ၏ input သို့မဟုတ် လွန်ခဲ့သော ရက်ရှိ ၁၀ စက္ကန့်စာ output ၏ အနိမ့်ဆုံးပေါ်တွင် အကြမ်းဖျဉ်း အခြေခံပါသည်။

Relay အသေးစိတ်များ

screen ၏ ညာဘက်ခြမ်းမှာရှိတဲ့ relay အသေးစိတ် panel သည် relay အကြောင်း အသေးစိတ် သို့မဟုတ် relay စာရင်း ထဲတွင် လတ်တလော ရွေးချယ်ထားသော realy အကြောင်းကို ဖော်ပြပေးပါသည်။ သင်၏ လတ်တလော circuits များနှင့် streams များ စာရင်းထဲတွင် circuit သို့ မဟုတ် stream ကို သင်ရွေးချယ်ထားပြီးပြီ ဆိုလျှင် ၎င်းpanel သည် relay တစ်ခုချင်းစီကို ဖြတ်၍ လတ်တလော ပေးပို့နေသော သင်၏ လမ်းကြောင်း အကြောင်း အသေးစိတ်ကို ဖော်ပြပေးပါလိမ့်မယ်။

panel ထဲတွင် သင်မြင်တွေ့ရမည့် နယ်ပယ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ (မှတ်ချက်: နယ်ပယ်တွေအားလုံးကတော့ အမြဲတမ်း ဖော်ပြနိုင်မှာ မဟုတ်ပါဘူး):

တည်နေရာ ၎င်း Tor relay ၏ ပထဝီဆိုင်ရာ တည်နေရာ။
IP Address ၎င်း Tor relay ပေါ်ရှိ IP လိပ်စာသည် ရောက်ရှိနိုင်ပါသည်။
Platform ၎င်း relay ပေါ်ရှိ Operating system သတင်းအချက်အလက်နှင့် Tor version များသည် လက်တလောတွင် run နေပါသည်။
Bandwidth bandwidth ၏ အကြမ်းဖျဉ်း အများဆုံး ပမာဏဖြစ်သော relays ၏ လမ်းကြောင်းသည် ၎င်း realy ၏ လတ်တလော အခြေအနေကို ထိန်းထားနိုင်ပါလိမ့်မည်။
Uptime ၎င်း relay ၏တည်ငြိမ်မှုကို ကူညီရန် relay ၏ အချိန်အတိုင်းတာကို ရရှိနိုင်ပါပြီ။
နောက်ဆုံး update ပြုလုပ်ပြီးခြင်း ဤ relay နေ့စွဲ၏ သတင်းအချက်အလက်သည် နောက်ဆုံး update ပြုလုပ်ပြီး ဖြစ်ပါသည်။